ဖားဆောင်း နိုဝင်ဘာ ၁၂
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် အသိပညာပေး နိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက မော်ချီးဒေသရှိ အနာဂတ် အလင်းတန်းကျေးရွာ၊ ရေပူကျေးရွာ၊ လိုခါးလိုကျေးရွာ၊ မော်ချီးတောင်ပေါ်ကျေးရွာ၊ မော်ချီးအောက်ကျေးရွာ၊ ဘူလော်ဘာ ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအလေးထားလိုက်နာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ ပါက နှာခေါင်းစည်းတပ်ဆင်သွားလာကြရန်၊လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြော ကြရန် နှင့် ကျန်းမာရေးဆိုင်ရာ သိရှိလိုက်နာရမည့်အချက်များနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း