သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ အောင်ကိုဦး( UMK) ၏ “လူငယ်တွေစဥ်းစားဖို့”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမမက စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာပြီး တစ်ဦးနှင့်တစ်ဦးအတွေးခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်‌ကောင်းများရရှိ‌ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာ​ရေး ဒေါ်ယဥ်နီလာအေးက “လူငယ်တွေ စဥ်းစားဖို့” စာအုပ်မှ လူငယ်နှင့်ရွေးချယ်မှုခေါင်းစဥ်ဖြင့် လူတိုင်းသည်မွေးဖွားချိန်မှ သေဆုံးချိန်အထိနေ့စဥ်နှင့်အမျှ ရွေးချယ်မှုပေါင်းများစွာနှင့် တွေ့ကြုံကြရသည်၊ မိမိရွေးချယ်မှုပေါ်မူတည်ပြီး အကောင်း၊ အဆိုးများကို ခံစားစံစားရမည် အသေးဖွဲ့ကိစ္စမှသည် ဘဝနှင့်သက်ဆိုင်သည့် ကိစ္စများအထိ အရာရာကိုအမှန်ကန်ဆုံး​ဖြစ်အောင် စဥ်းစားဆုံးဖြတ်သုံးသပ်ကာ‌ ရွေးချယ်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဝန်ထမ်းများမှ စာရေးသူရေးသားသည့် အကြောင်းအရာပါ အချက်အလက်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေဖတ်ရှု မျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များ တိုးပွားလာပြီး အတွေးအခေါ်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်ဆက်)၊သပိတ်ကျင်း