အမာမြို့Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

အမာ  ဇွန်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့်  ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင် ဆရာဦးစိုးညီညီအောင်က  စာရေးဆရာ‌ဒေါက်တာခင်မောင်ညို ရေးသားထားသည့်  “လူငယ်နှင့်အ‌ကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”  စာအုပ်တွင်ပါရှိသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်၏ အနှိမ်ခံခဲ့ရသော လူမည်းအမျိုးသမီးတစ်ဦးဖြစ်ခဲ့ရာမှ စာကြိုးစားမှု‌၊ စာပေဝါသနာပါပြီးစာအများကြီးဖတ်၍  စိတ်ဓာတ်ခွန်အားရယူကာ အကောင်းဆုံး သောဘဝခရီးတစ်ခုကို အောင်မြင်စွာတည်‌ဆောက်နိုင်ခဲ့ပုံကို အတုယူဖွယ်သာဓကများဖြင့် ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့်  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)