သီပေါမြို့နယ်၌ဟင်းခတ်မှုန့်များနှင့် အလှကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ကွင်ဆင်းစစ်ဆေး

သီပေါ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊စည်ပင်သာယာရေးဌာန နှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဝက်ဝံယာယီပျံကျစျေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်အရောင်းဆိုင်များရှိ ဟင်းခတ်မှုန့်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များရှိ အလှကုန် ပစ္စည်း များတွင် ကုန်အညွှန်း  အမှတ်အသားများ ပြည့်စုံစွာဖော်ပြရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ "AJINOMOTO" အပါအဝင် ဟင်းခတ်မှုန့်များ ရောင်းချကြရာမှာသတ်မှတ်ထားတဲ့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိအပြင်"MISTINE " အလှကုန်များမှာလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးတာ ဖြစ်ကြောင်  စျေးဆိုင်များ၊ ကုန်မျိုးစုံဆိုင်များတွင် စားသုံးသူကာကွယ်ရေး ဉပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည် အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တစ်ခြားဘာသာဖြင့်တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်() ချက်ကို လိုက်နာကြရန်နှင့် ကုန်အညွှန်း အမှတ်အသား လိုအပ်ချက်ရှိသော ကုန်ပစ္စည်းများကို  ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မာရီ က ပြောကြားခဲ့သည်။

စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ကုန်မျိုးစုံဆိုင်၊စတိုးဆိုင် များအား ဆက်လက်၍     ကွင်းဆင်း စစ်ဆေး     ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)