မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းခတ် ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာဖတ်ဝိုင်းပြုလုပ်မည့် စာအုပ်အမျိုးအစားအကြောင်း ရှင်းလင်းပြောကြားကာ စာ‌ရေးဆရာမြင်းခြံ‌ကျော်အောင်‌ ရေးသားသည့် "နှင်းရည်ဆမ်းသော ပန်းကလေးများ" စာအုပ်မှစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်‌ ဒေါ်ထရေးဆာက ရည်မှန်းချက်ပန်းတိုင် ချထား‌ရောက်အောင်သွား၊ Women Club အဖွဲ့ဝင် ဒေါ်ဆွေဆွေမြင့်နှင့် ဒေါ်ထွေးငယ်တို့က အတုယူထိုက်သည့်ပုဂ္ဂိုလ်၊ လူကိုအလှပြင်စိတ်ကို အလှဆင်စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)