ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်

ရပ်စောက် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင်  ၂ဝ၂ဝပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို အထက(ရပ်စောက်)ဘက်စုံသုံးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီအချိန် က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အမှာစကား ပြောကြာပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်က ၂ဝ၂ဝပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပသော  ပါတီစုံ ဒိမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊အထူးရဲအဖွဲ့ဝင်အဖြစ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကျေပွန်စွာထမ်းဆောင်ခဲ့ သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ရဲမှူးနှင့် တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အား အထူးရဲတပ်ဖွဲ့ဝင်များ ထံပေးအပ်ခဲ့သည်။ ၂ဝ၂ဝပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ရပ်စောက်မြို့နယ်၌ မဲရုံပေါင်း ၈၄ ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အထူး ရဲတပ်ဖွဲ့ဝင် ၈၄ ဦးရှိကြောင်းသိရသည်။

ဇော်ဝင်း(ပြန်/ဆက်)