သီပေါမြို့နယ်ပန်းတိမ်တောင်ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်

သီပေါ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ  စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများထောက်ပံ့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပန်းတိမ်တောင် ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၁)စုအတွက် ထောက်ပံ့ငွေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းတို့က ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက် ရှိကြောင်းသိရသည်။

သီပေါမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စု  တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀နှုန်းဖြင့် အိမ်ထောင်စု(၉၄၇၃)စုအတွက် စုစုပေါင်းကျပ်(၉၉၄)သိန်း ခြောက်သောင်းကို ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်  နိုဝင်ဘာလ ၁၃ ရက်နေ့ အပြီးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)