မတ္တရာမြို့နယ်တွင် ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မတ္တရာ မတ် ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာအုပ်စု နတ်ကြီးစဉ် ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁နာရီ ၄၅မိနစ် အချိန်က ဆိုလာမီးဖြင့် ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မတ္တရာမြို့နယ် မီးသတ်စခန်း မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းနှင့် သန္ဓေတပ် ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာလူထုတို့မှ မီးသတ်ယာဉ်(၄)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ၂နာရီ ၂၃မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂နာရီ ၄၀မိနစ်တွင်  မီးလုံးဝငြိမ်းသွားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)