မန္တလေးမြို့တွင် ကြက်-ငါး တွဲဖက်မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ဆွေးနွေးပွဲကျင်းပ

မန္တလေး ဖေဖော်ဝါရီ    ၂၃

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ်(မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူးကျင်းပသော ကြက်-ငါး တွဲဖက် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ၅၉ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ Perfect Hotel တွင် ယနေ့ မွန်းလွဲ ၁ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာသက်ခိုင်မှ ကြက်-ငါးတွဲဖက်မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထိုနောက် မန္တလေးတိုင်းဒေသကြီး ကြက်ဥ၊ ကြက်သားမွေးမြူသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာနေသူရိန်က ကြက်ဉ၊ ကြက်သားမွေးမြူထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ကြက်ခြံနှင့်ငါးမွေးမြူရေးလုပ်ကိုင်သူများက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့အချုပ်မှ တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်၊ ငါး မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)