ရပ်စောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်

ရပ်စောက်      နိုဝင်ဘာ        ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၁၃၈)စု အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေကျပ်(၄၂,၇၆၀,၀၀၀)အား ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးအဖွဲ့တို့မှ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်း (၉)နာရီကစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့တာဝန်ကျကြီးကြပ်ရသော ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ရကြောင်း၊ ၎င်းဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးနှင့် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်သန်းမောင် တို့ကထီးခမ်း၊ မြို့ဦး(၁)၊ မြို့ဆိုးကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၂)စုတို့အား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၄၀,၀၀၀)ကို အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)