ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၃
ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ရာ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ၊ သတင်းမီဒီယာသမားများ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ Book Club အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်သိန်းသန်းဌေး ကစာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်း(Book Club ) အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက စာရေးဆရာ အောင်သင်း ရေးသားသော ၀ လုံးကလေး ဝိုင်းဝိုင်းရေး စာအုပ်ကို ဦးတည်ပြီး ဆွေးနွေးရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းဆွေးနွေးသို့ တက်ရောက်လာသူများမှ စာရေးဆရာ အောင်သင်း ရေးသားသော ၀ လုံးကလေး ဝိုင်းဝိုင်းရေး စာအုပ်မှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်၍ ကဏ္ဍအလိုက်အသီးသီး ဦးဆောင်ဆွေးနွေးကြပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိန်းသန်းဌေးနှင့် စာဖတ်သူများက မိမိတို့ မှတ်သားလေ့လာ့တွေ့ရှိချက်မှ ရရှိသောစာပေ အသိ၊ အမြင်၊ အတွေးများကို စုစည်း၍ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )