ဆွမ်ပရာဘွမ် နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းအား ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တစ်ရွာလျှင်စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း တစ်ရာဖြင့် ကျေးရွာ (၄) ရွာတွင် ဆောင်ရွက်ရန် လျားထားပြီး ၎င်းကျေးရွာများမှာအင်တားဂလူကျေးရွာ၊ ပင်ဆောင်း ကျေးရွာ၊ ဆူးယန်ကျေးရွာ၊ ဆွတ်ခါးကျေးရွာများတွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကုဋေ(ပြန်/ဆက်)