ကျိုက်လတ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နေ့လယ်ပိုင်းက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ မုဒိတာ (တောင်သာ) ၏ “ကျန်းမာသောဘဝ ကျန်းမာသောကမ္ဘာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ယဉ်လှက “ဆံပင် ဆိုးဆေးနှင့် အရေပြားရောဂါ” ခေါင်းစဉ်၊ Book Club အဖွဲ့ဝင်ဒေါ်လှလှမြင့်က “သွေးလွန်တုပ်ကွေး ရောဂါကို ကုသခြင်း” ခေါင်းစဉ်နှင့် Book Club အဖွဲ့ဝင် ဒေါ်အေးအေးသိန်း “ဆေးဖက်ဝင် မြန်မာ့သနပ်ခါး” ခေါင်းစဉ်တို့ကိုဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)