ကျောက်တလုံးကြီး ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၊ ကျောင်းသား/သူများက စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး စာအုပ်တွင်ပါရှိသော ဘာကြောင့်စာဖတ်သလဲ၊ စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး၊ စာဖတ်ကြရေး မေတ္တာစာ၊ စာဖတ်ခန်းအစီအစဉ်တစ်ခုစတင်ခြင်း၊ အလင်းတံခါးများပွင့်ပါစေ၊ ဘာကြောင့်စာဖတ်ရမှာလဲ၊ ချစ်စရာစာကြည့်တိုက်ကလေးစသည့် ဆောင်းပါးများအား ဖတ်ရှုဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများရင့်သန်လာစေရန်၊ စာကောင်းပေကောင်းများရွေးချယ်ဖတ်ရှုတတ်စေရန်နှင့် စာကြည့်တိုက်အား ပိုမိုအသုံးချ၍ အသိပညာများတိုးပွားလာစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း