ဟင်္သာတ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးမြင့်သိန်း၊ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းဝင်း၊ ဖိတ်ကြားထားသူများ၊ ဆရာ/ဆရာမများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် စာစီစာကုံး၊ ပန်းချီ၊ ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၅) ဦးခန့် တက်ရောက်ခဲကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ဆက် ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေက ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဆန်းဝင်းနှင့် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောပေးခဲ့ကြပြီး ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူ အဆင့်စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)