စဉ့်ကိုင် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း "မဟာရာဇဝင်ကျော်" (BOOK CLUB) တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော "ပြောတတ်၊ ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဦးဝင်းကြည်(BOOK CLUB ) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာရေးဆရာဖေမြင့်၏ "ပြောတတ် ဆိုတတ်၊ ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပရာ ဒေါ်ခင်စန်း( WomanClub) အဖွဲ့ဝင်က "အပြောအဆို လိမ္မာသူတို့၏ အမူအကျင့်ကောင်းများ " အခန်းဖြင့် လည်းကောင်း၊ ဦးထွန်းမြင့် (BOOK CLUB) က "ဘယ်အတိုင်းအတာထိ ရင်းနှီးပွင့်လင်းကြမည်လဲ" အခန်းဖြင့် လည်းကောင်း၊ ဦးအောင်ဆန်း၊ စာပေချစ်မြတ်နိုးသူက" ချီးမွမ်းစကားလေးတစ်ခွန်း " အခန်းကို လည်းကောင်း၊ ဦးသန်းဌေး(BOOK CLUB) နှင့် ဦးတိုက်ကြည့်(Youth Club) အတွင်းရေးမှူးတို့က အဆိုပါစာအုပ်မှ ရရှိသော အနှစ်သာရအပိုင်းများကို လည်းကောင်း အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)