မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲ လားရှိုးလူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်

လားရှိုး ဇွန် ၂၈

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် အထက်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဉာဏ်စမ်း ပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနရှိ သင်တန်းခန်းမနှင့် စာကြည့်တိုက်တို့တွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲမကျင်းပမီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)