အင်္ဂပူ နိုဝင်ဘာ ၁၅
အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ အထူးရဲများအား ဂုဏ်ပြမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်စိုးဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အထူးရဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းတို့မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လွှတ်တော် ကိုယ်စားလှယ်များနှင့် တာ ဝန်ရှိသူများက ပေးအပ်ရာ နယ်မြေရဲစခန်းများမှ အထူးရဲတပ်ဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးကြသည့် အထူးရဲများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
မန်းကျော် (ပြန်/ဆက်)