ကရသူရိ ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်သည့်အချိန်များတွင် စာအုပ်/စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေးငှားရမ်းခြင်းဖြစ်ပြီး ထိုသို့ငှားရမ်းရာ၌ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ဂျာနယ်၊ ကာတွန်း၊ ရုပ်ပြနှင့် အထွေထွေဗဟုသုတ စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းငှားရမ်းခြင်းစနစ်သည် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ဝါသနာရှင်များ မိမိကြိုက်နှစ်သက်ရာ စာအုပ်၊ စာစောင်များကို အလွယ်တကူလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)