မိုင်းလုံ နိုဝင်ဘာ ၁၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီ အချိန် ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုင်းလုံမြို့နယ်မြေရဲစခန်းမှ ရဲအုပ်ရဲလင်းထိုက်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ချုပ်မှ ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှားများကို ပေးအပ်ချီးမြှင့်ခဲ့ရာ အထူးရဲတပ်ဖွဲ့ ဝင်များက အသီးသီး လက်ခံရယူကြသည်။
မိုင်းလုံမြို့အတွင်း မဲရုံပေါင်း(၂၀)ရုံတွင် ရဲတပ်ဖွဲ့ဝင်များနည်းတူ ကျေးရွာအတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒပြုထားသည့် မဲလက်မှတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ရပ်ကွက်/ကျေးရွာများမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိဘဲ ရောက်ရှိ လာအောင် လုံခြုံရေး တာဝန်များကို (၁.၁၀.၂၀၂၀မှ ၁၅.၁၁.၂၀၂၀)ရက်နေ့အထိ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)