သီပေါ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကာလ အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၈) မျိုးတို့ကို ယနေ့ နံနက် ပိုင်းက နှလုံးသားပရဟိတအဖွဲ့မှ အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ ကိုယ်စား နှလုံးသားပရဟိတအဖွဲ့မှ တာဝန်ရှိသူများက ရွှေကျောင်းရပ်ကွက်၊ တောင်မြို့ရပ်ကွက်၊ နားလွယ်ကျေးရွာ၊ ဖာဖိတ် ကျေးရွာနှင့် တွန်ခေါ့ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၈၅)စုတို့အား အခြေခံ စားသောက်ကုန်(၈)မျိုးစီ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ နှလုံးသား ပရဟိတအဖွဲ့နှင့် Ovaltine Myanmar တို့ပူးပေါင်းကာ Ovaltine အထုပ်များ ထပ်မံ လှူဒါန်း ပေးခဲ့ကြကြောင်းနှင့် ဆက်လက်၍ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများ သို့လည်း ဆက်လက်ထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)