ကျောက်မဲမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နေအိမ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

ကျောက်မဲ       နိုဝင်ဘာ     ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်း၏ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၀ ရှိ နေအိမ်အား ယ‌နေ့ နံနက် ၁ နာရီ အချိန်ခန့်က လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးစိုးထွန်းသည် ၎င်း၏‌ နေအိမ်၌အိပ်နေစဉ် ယနေ့ နံနက် ၁ နာရီ အချိန်ခန့်က သေနတ်သံ ၂ ချက် ကြား သော်လည်း ချက်ချင်းထမကြည့်ခဲ့ဘဲ ယနေ့ နံနက် ၉ နာရီခွဲ အချိန်မှ ထကြည့်ရာ ၎င်း၏နေအိမ် လေကာမှန် ကွဲနေသည်ကို တွေ့ရှိသောကြာင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းခဲ့သည်။ သက်ဆိုင်ရာရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ ဦးစိုးထွန်း နေအိမ်အား သွားရောက်စစ်ဆေးရာ လက်နက်ငယ် ကျည်ထိပ်ဖူးဟုယူဆ‌ရသော အရာဝတ္ထု တစ်ခုကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဦးစိုးထွန်းနေအိမ်အား လက်နယ်ငယ်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှုပေါ်ပေါက်ရေး အတွက် ကျောက်မဲမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)