နမ့်စန်မြို့နယ်တွင် ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ သွားရောက်အားဖြည့်ကူညီဆောင်ရွက်မည့် ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

နမ့်စန်() နိုဝင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များအတွက် ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်အားဖြည့် ကူညီဆောင်ရွက်ကြမည့် နမ့်စန်မြို့နယ်မှ ဝန်ထမ်း ဦးအတွက် မြို့နယ်မှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ယမန်နေ့ ညနေပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ သွားရောက်အားဖြည့် ကူညီ ဆောင်ရွက်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်နန်းနုနွမ်း၊  ဒေါ်ညိမ်းညိမ်းနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ခွဲမှူး ဦးသောမတ်စ် စုစုပေါင်း () ဦးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဦးစီးကော်မတီမှ တစ်ဦးလျှင် ကျပ် ၁ သိန်းစီ၊ သူနာပြုဆရာမ ၂ ဦးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက တစ်ဦးလျှင် ကျပ် ၁ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြို့နယ်မှ စေတနာရှင် အလှူရှင် များကလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ထမ်း ဦးသည် ရန်ကုန်မြို့အတွင်းရှိ တာဝန်ကျရာ နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ သွားရောက်အားဖြည့် ကူညီဆောင်ရွက်ရန်အတွက် နမ့်စန်မြို့နယ်မှ  နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

သူရအောင် (ပြန်/ဆက်)