မန္တလေး နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက်(၁၇၂)၊ ၂၄လမ်း နှင့် ၂၅လမ်းကြား၊ ၈၂လမ်းရှိ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမင်းသူ၊ ရပ်မိရပ်ဖ ဦးစန်းအောင်မြင့်၊ အ.ထ.က(၈) ကျောင်းအုပ်ဆရာမကြီး၊ မြို့နယ်အတွင်းရှိ ရဲစခန်းအသီးသီးမှ စခန်းမှူးများနှင့် အထူးရဲတပ်ဖွဲ့ဝင် များတက်ရောက်ကြသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်က အဖွင့်မိန့်ခွန်း ပြောကြားပြီး ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ကြရာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင် များက လက်ခံ ရယူခဲ့ကြ ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)