ဟိုမိန်း နိုဝင်ဘာ ၁၅
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ဆောင်ရွက်ခဲ့သည့် အထူး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဟိုမိန်းနယ် မြေရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟိုမိန်းနယ်မြေရဲစခန်းမှ ရဲအုပ်ငြိမ်းချမ်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယအကြိမ်မြောက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အထူးရဲ တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဤဂုဏ် ပြုမှတ်တမ်းလွှာကို ပေးအပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ရဲအုပ်ငြိမ်းချမ်းနှင့် တာဝန်ရှိသူများက ဟိုမိန်းမြို့အတွင်းရှိ မဲရုံ(၉)ရုံတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင် ၉ ဦးအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)