မိုင်းရှူးမြို့တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မိုင်းရှူး   နိုဝင်ဘာ  ၁၅

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ မိုင်းရှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊ ဇုန်(၁)တာဝန်ခံ မိုင်းရှူးမြို့မ စခန်းမှူး ဒုရဲမှူး မိုးလွင်၊ ဇုန်(၂) တာဝန်ခံ လွိုင်ဆောင်ထောက်စခန်းမှူး ရဲအုပ်ကျော်ဝင်း၊ ဇုန်(၃)တာဝန်ခံ မိုင်းစံစခန်းမှူး ရဲအုပ်ရန်နိုင်မြင့်တို့ကအထူးရဲ (၄၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်သည်။

အထူးရဲများအနေဖြင့် မိုင်းရှူးမြို့နယ် (မိုင်းစံမြို့အပါအဝင်)တွင် ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၇) အုပ်စုရှိ မဲရုံပေါင်း(၄၅)ရုံတို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)