မိုင်းငေါ့မြို့တွင် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည့် အထူရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မိုင်းငေါ့ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြေက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မဲရုံလုံခြုံရေးဆောင်ရွက်ခဲ့ကြသော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန် ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း (မြစိမ်းရောင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မိုင်းငေါ့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်သူက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် အထူရဲတပ်ဖွဲ့ဝင်အဖြစ် မဲရုံလုံခြုံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုင်းငေါ့မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ၌ အထွေထွေရွေးကောက်ပွဲတွင် မံရုံ(၁၄) ရုဲရှိပြီး အထူးရဲ တာဝန်ထမ်းဆောင်သူ(၁၆)ဦးရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)