မိုင်းနောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားစတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

မိုင်းနောင်     နိုဝင်ဘာ    ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့်(စတုတ္ထအကြိမ်)အဖြစ် ထောက်ပံ့ ငွေများအား ယမန်နေ့ နံနက်က ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျ စာရေးဝန်ထမ်းများက မိုင်းနောင်မြို့အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် နားကန်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၅၃) စုများအတွက် အိမ်ထောင်စု တစ်စုလျှင်ကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၀၆၀၀၀၀) ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ ကျန်ရှိနေသော ကျေးရွာအုပ်စု(၁၃)အုပ်စုမှ အိမ်ထောင်စု (၆၈၇) အတွက် ငွေကျပ်(၁၃၇၄၀၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းနောင်ပြန်/ဆက်