ကျောက်မဲ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်) ထောက်ပံ့ပေးလျှက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန် က ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၈၂ ထံသို့ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့အပါအဝင်) ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း ၅၀၅၀ စုရှိပြီး အဆိုပါ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ်သိန်းတစ်ရာကျော်ကို မြို့နယ်အုပ်ချုပ်ရေးက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထံသို့ နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပေးခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် ရိက္ခာ ၅ မျိုးအပြင်၊ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ဝိ/ နှုန်းဖြင့် ထောက်ပံ့သည်မှာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)