တနင်္သာရီ ဇူလိုင် ၁
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမအတွင်း ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ ကျင်းပရာ အ.ထ.က-တနင်္သာရီကျောင်းမှ အထက်တန်းအဆင့် Grade-10 Grade-11 နှင့် Grade-12 အတန်းများမှ ကျောင်းသူ ၁၁ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲမှ Grade-11 ကျောင်းသူ မခြူးမြတ်စန္ဒီလွင် (အဘ) ဦးထင် ဇော်အောင်က (ပထမ)၊ Grade-10 ကျောင်းသူ မဝတီမျိုးမြင့် (အဘ) ဦးမျိုးမြင့်ထူးက (ဒုတိယ)နှင့် Grade-10 ကျောင်းသူ မသိမ့်ချယ်ရီဖွေး (အဘ) ဦးသာဇင်မှ (တတိယ) ဆု အသီးသီးရရှိကြရာ အဆိုပါ ဆုရကျောင်းသူ သုံးဦးတို့အား ဇူလှိုင်လ ၂ ရက်နေ့ နံနက်ပိုင်းအချိန် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြုလုပ်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြော ပွဲတွင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)