ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေး ဆောင်ရွက် ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ရွှေကူ  နိုဝင်ဘာ  ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနား၌ ရွှေကူမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတင်ယုက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကာလအတွင်း အထူးရဲများ ဆောင်ရွက်ရမည့် လုံခြုံရေးတာဝန်များကို ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်အညီ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် မြို့နယ်အတွင်းရှိ အထူးရဲ (၅၄) ဦးအား ရွှေကူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ယုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင် (ပြန်/ဆက်)