ငွေဆောင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် ငွေဆောင် အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၆) ဦးအနက် (၂) ဦးမှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရွာသစ်ကျေးလက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမဒေါ်နန့်တင်ကြည်က ယမန်နေ့ ညနေ (၃) နာရီခွဲက ကျန်းမာကြောင်း ထောက်ခံစာ များပေးအပ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ (၂) ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၎င်းတို့၏ နေအိမ်များတွင် Home Quarantine (၇) ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး စနစ်တကျ နေထိုင် စားသောက်ရန် ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)