ငွေဆောင်မြို့မစျေး၌ ကိုဗစ်−၁၉​ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ငွေဆောင် နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းနှင့် ဝန်ထမ်းများက မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချနေမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအ နေများအား သိရှိစေရန် စျေးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စျေးသို့ လာရောက်သည့် အခါတိုင်းစျေး အဝင်ရှိလက်ဆေးကန်များ တွင်စနစ်တကျလက်ဆေးကြရန်၊ နှာခေါင်း စည်းများတပ်ဆင်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်ကြရန်နှင့် လူစုလူဝေးရှောင်ကြရန် အသိပညာပေး နှိုးဆော်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)