ညောင်ဦး နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဒေသတွင် ASEAN SDGs၏ IGES၏ guideline ဖြင့်ဆောင်ရွက်လျက်ရှိသော အမှိုက်ခွဲ ခြားစွန့်ပစ်မှု အသိပညာပေးခြင်း၊ လေ့ကျင့်ခြင်းပြုလုပ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်းရှိကျေးရွာ ၅ ရွာ ရလဒ်များကို စစ်ဆေးရန်ကြိုတင်ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြင်းကပါ ကျေးရွာ၊ ဓမ္မာရုံတွင် ပြုလုပ်ကြောင်း ညောင်ဦးမြို့နယ် ၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ASEAN SDGs ၏ IGES၏ guideli –ne ဆောင်ရွက်နေသော နေရာငါးနေရာဖြစ်သည့် ဝက်ကြီးအင်းရပ်၊ တောင်ဘီကျေးရွာ ၊ မြင်းကပါ ကျေးရွာ ၊ မင်းနန်သူကျေးရွာ၊ သူဌေးကန်ကျေးရွာတို့အား အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေး၊ လေ့ကျင့်ခြင်း ပြုလုပ်ခဲ့သည့် နေရာငါးနေရာလိုက်လံစစ်ဆေးရန်ကြိုတင် ဆွေးနွေးခြင်း၊ ကွင်းဆင်း၍ အချက်အလက် ကောက်ယူရေးအဖွဲ့ဖွဲ့စည်းခြင်း၊ ရက်သတ် မှတ်ခြင်းများကို ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်မှဦး ဆောင်၍ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်၊ ဦးတင်အောင်လှိုင်၊ စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်လွင် ဆွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ဧည့်လမ်း ညွှန်များ၊စုစုပေါင်း (၂၀)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် အတိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကိုထိန်၊ KPD