နေပြည်တော် ဖေဖော်ဝါရီ ၂၃
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ် စာစောင်ချစ်မြတ်နိုးသူ များ အသင်း(Book Club)အဖွဲ့နှင့် စာပေ ဝါသနာရှင်များသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် “အရှက်နှင့်တန်ဖိုး” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က “အရှက်နှင့်တန်ဖိုး” စာအုပ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒက္ခိဏခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “အရှက်နှင့်တန်ဖိုး” စာအုပ်တွင်ပါရှိသည့် အကြောင်းအရာအချက်အလက်တို့ကို မိမိတို့၏ သဘောထား အမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)