ပုလောမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပုလော ဇူလိုင်လ   ၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့ မူလွန်(၄)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ကျောင်းသား/သူများကို စာဖတ်ခြင်း၏အကျိုးကျေးဇူးအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများအား စာကြိုက်စာပေရွေးချယ်ဖတ်ရှု၍ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြည့်တိုက်အသုံးပြုရာတွင် ပျော်ရွှင်မှုရှိစေရန်၊ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)