ပုလော ဇူလိုင် ၃
ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်း ကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ အမှတ်(၁) ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုလောမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်းကျား ပိုးလောက် လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင် သည့်နေရာများ၊ မိုးရေနှင့် ရေဆိုး၊ရေညစ်မရှိစေရေး၊ ခြင်ကြောင့် လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုပ် ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြင်တောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)