ကျွန်းစု ဇူလိုင် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ဒေသဝမ်းစာဖူလုံစေရန် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအတွက် မျိုးစပါး၊ ကွန်ပေါင်းဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါး စိုက် အကျိုးဆောင် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများကို ယမန်နေ့ မွန်းလွှဲပိုင်းက ညောင်ဘီးကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမိုးအောင်က မြို့နယ်ရှိဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၏ မိုးစပါးစိုက်ခင်းတွေအတွက် လိုအပ်သည့် မျိုးစေ့နဲ့ သွင်းအားစုများ ပံ့ပိုးပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (SEEDER)၊ မျိုးစေ့နှင့် သွင်းအားစုများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)