ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံး ရေးဖြေစာမေးပွဲကျင်းပ

ထားဝယ် ဇူလိုင် ၄

(၁၀၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် ထားဝယ်မြို့နယ်၊ ကောင်းလုံးမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦးတို့က သမဝါယမနည်းဥပဒေနှင့် ဝန်ထမ်းခွင်စည်းကမ်း ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဆောင်ပုဒ် စာစီစာကုံးများအား ဌာနတွင်းရေးဖြေ စာမေးပွဲ ကျင်းပခဲ့သည်။

ထို့သို့ ဌာနတွင်းရေးဖြေ စာမေးပွဲ ကျင်းပနေမှုကို တိုင်းဒေသကြီးသမဝါယမ ဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုရာတွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုရရှိသူများကို ဇူလိုင်လ (၅) ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)