တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီးရေးရာအဖွဲ့ ဝတ်စုံနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတူညီဝတ်စုံများ ပေးအပ်ပွဲပြုလုပ်

တနင်္သာရီ ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို  ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ်  အမျိုးသမီးရေးရာအဖွဲ့ဝတ်စုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တူညီဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက မိမိတို့အသင်းအဖွဲ့လုပ်ငန်းများ၊ အခြားအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တူညီဝတ်စုံများဖြင့် မိသားစုအသွင် တက်ညီလက်ညီ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ တူညီဝတ်စုံများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း (၁၅) ဦးတို့အား တစ်ဦးလျှင် အမျိုးသမီးရေးရာ အဖွဲ့ဝတ်စုံ (အပြာရောင်) တစ်စုံစီနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ခရမ်းရောင်) ဝတ်စုံ တစ်စုံစီတို့ကို တစ်ဦးချင်းစီထံ ပေးအပ်ပေးကြောင်း၊ အဆိုပါ ဝတ်စုံ (၃၀) စုံ၏ကုန်ကျ ငွေတန်ဖိုးမှာ (၆၄၃၅၀၀/-) ဖြစ်ပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)