ဝမ်းတွင်း၊ နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းသို့ နယ်မြေဒေသအသီးသီးမှပြန်လည်ရောက် ရှိလာသူများနှင့် မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ကုသဆောင်မှ လူနာများအတွက် နေ့စဉ်အစား အသောက်များနှင့် ဆေးဝါးများကို “တွဲလက်များ”လူမှုအကျိုးပြုအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“တွဲလက်များ” လူမှုအကျိုးပြုအသင်းအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း နယ်မြေဒေသအသီးသီးမှ ပြန်လည် ရောက်ရှိလာသူများအား ထားရှိရာ Quarantine Centre မှ ဒေသခံပြည်သူများနှင့် ကိုဗစ် -၁၉ရောဂါ ကူးစက်ခံရသော လူနာများထားရှိသည့် ပြည်သူ့ဆေးရုံကုသဆောင်မှလူနာများနှင့်ကျန်းမာ ဝန်ထမ်းများကို နေ့စဉ်နံနက်စာ၊ နေ့လယ်စာ၊ ညစာများကို “တွဲလက်များ”လူမှုအကျိုးပြုအသင်းမှ တာဝန်ယူချက်ပြုတ်ပြီး လက်ဆတ်သောအစားအသောက်များကို နေ့စဉ်ချက်ပြုတ်လှူဒါန်း ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ “တွဲလက်များ”လူမှုအကျိုးပြုအသင်းကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဌာနဆိုင်ရာ ဝန်ထမ်း(ငြိမ်း)များ၊ လူငယ်များပေါင်းစုပြီးစတင်ဖွဲ့စည်းကာ၊ စေတနာရှင်၊ ကုသိုလ်ရှင်များပေါင်းစု၍၊ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရော ဂါပိုးကူးစက်ခံရ၍ အဆင်မပြေဖြစ်သည့် မိသားစုများကို ဆန်၊ ဆီ၊ ဆား၊ အစားအသောက်၊ ဆေးဝါးများ လှူဒါန်း ခြင်း၊နယ်မြေဒေသ အသီးသီးမှပြန်လည်ရောက်ရှိလာသူများကိုထားရှိရာ Quarantine Centre နှင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသည့် လူနာများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေး ဝန်ထမ်းများကိုနေ့စဉ် အစားအသောက်၊ဆေးဝါးများနှင့် အခြားလိုအပ်သည်များကို ကူညီလှူဒါန်းပေးလျက်ရှိ ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)