အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မြစ်သားနိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၏ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရွှေမုဌောဘုရား၊ ဝေယံဘုမ်မြင့်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က အထူးရဲများ အား တာဝန်ကျေပွန်မှုနှင့်ပတ်သက်၍ ဂုဏ်ပြု အမှာစကားများပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား ဂုဏ်ပြု ကျေးဇူးတင် စကားပြောကြားကြသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲမှူးတို့က ရဲချုပ်မှချီးမြှင့်သောဂုဏ်ပြုမှတ်တမ်းများအားပေးအပ်ရာ အထူးရဲများမှ လက်ခံရယူခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း (၂၀၀)ရုံထား ရှိပြီး အဆိုပါမဲရုံလုံခြုံရေး အတွက် အထူးရဲ(၂၀၁)ဦးအားခန့်ထားတာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


ဆုမွန်(မြစ်သား)