ဓနုဖြူမြို့အတွင်းရှိ ကျေးလက်ဒေသများသို့ နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေးခြင်းနှင့် အသိပညာပေး​ခြင်း လုပ်ငန်းများဆောင်ရွက်

ဓနုဖြူ  နိုဝင်ဘာဘာ  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုကို ယနေ့နံနက် ၇ နာရီက စံကင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာတာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့မှ အလှူရှင်များ လှူဒါန်းထားသည့် နှာခေါင်းစည်း (Mask) များကို ပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေးခဲကြပြီး ပြည်သူများအနေဖြင့် တက်နိုင်သမျှမိမိနေအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို လိုက်နာရန်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)