မန္တလေးမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ

မန္တလေး ဖေဖော်ဝါရီ    ၂၃

"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စကားဝိုင်းအားကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ နည်းပြဒေါ်မြင့်တင်၊ ထွန်းသစ် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဇော်မျိုးလွင်နှင့် စာရေးဆရာမ ခင်ခင်ဝင်း(ပညာရေး) တို့က ဦးဆောင်ဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူကလေးများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တက်ရောက်လာသူများမှ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေး ခရိုင်အတွင်းရှိမြို့နယ်များမှ စာရေးဆရာ/ဆရာမများ၊ ထွန်းသစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ဖိတ်ကြားသော ဧည်သည့်တော်များ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)