ပုလော နို၀င်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ စည်ပင်သာယာစျေးနှင့် ပျံကျစျေးများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ အတိုင်း ရောင်းချခြင်း ရှိ/မရှိ ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈)နာရီက ကွင်းဆင်း ကြီးကြပ် စစ်ဆေးခဲ့ ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုလော စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင်အရာရှိ ဦးဟုန်စိုးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည့် ရောဂါကာကွယ်ရေး ပစ္စည်းများထားရှိစေခြင်း၊ လိုအပ်ပါက အချိန်နှင့် တစ်ပြေးညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရသည်။
အေးအေးမော် (ပုလော− ပြန်/ဆက် )