ငပုတော နိုဝင်ဘာ ၁၆
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစား ပုံမှန်ဝင်ငွေမရှိသူများအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေး အပ်သည့် ငွေများအား ရေငံ၊ သရက်ကုန်း၊ ဟင်းအိုးချောင်း ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၆ စုထံသို့ အိမ်ထောင် တစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ယနေ့နံနက် ပိုင်းက ရေငံသရက်ကုန်းဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ပြည်သူများထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့နိုင်ငံတော်မှ စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်သည့် ငွေများအား ငပုတောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ရာ ဟင်းအိုးချောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မန်းကျော်သက်က အုပ်စုအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၆ စုအား အိမ်ထောင်တစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၂၀၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)