စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာလအတွင်း မြအိုးစည် ရောင်းဝယ်ရေးသမဝါယမအသင်းမှ အသင်းသား/ အသင်းသူများ အား ထောက်ပံ့ငွေများ ပေးအပ်

စဉ့်ကိုင်   နိုဝင်ဘာ     ၁၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်  စဉ့်ကိုင်မြို့နယ်တွင်   မြအိုးစည်   ရောင်းဝယ်ရေး သမဝါယမ အသင်းမှ   အသင်းသား/အသင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာလအတွင်း    ထောက်ပံ့ ငွေများပေး အပ်ခြင်းကို   ယနေ့ နံနက် (၁၀)နာရီက တရုတ်စုရပ်ကွက်ရှိ  အဆိုပါအသင်းရုံးတွင်  ထောက်ပံ့ ငွေများပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေမှ ကိုဗစ်၁၉ကူးစက်ရောဂါကာလအတွင်း အသင်းသား/အသင်းသူများအား   ထောက်ပံ့ငွေများပေးအပ်ရခြင်း ရည်ရွယ်ချက်ကို    ရှင်းလင်းပြောကြားခဲ့ပြီး    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ    ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့် အညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့   ထောက်ပံ့ငွေများပေးအပ်ရာတွင်  မြို့နယ်သမဝါယမဦးစီးဌာန  ဦးစီးအရာရှိ ဦးဝင်းဆွေနှင့်ဝန်ထမ်းများ  မြအိုးစည်ရောင်းဝယ်ရေး   သမဝါယမအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းရီ  နှင့်  အမှုဆောင်အဖွဲ့ဝင် များ၊ အသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြပြီး မြအိုးစည် ရောင်းဝယ်ရေးသမဝါယမ အသင်းမှ အသင်းသား တစ်ဦးလျှင်  ကျပ်တစ်သောင်းနှုန်းဖြင့်  အသင်းသား(၁၄၃)ဦးတို့အား   စုစုပေါင်းထောက်ပံ့ငွေကျပ် (တစ်ဆယ့်လေး သိန်း သုံးသောင်း)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်-ပြန်/ဆက်)