သပိတ်ကျင်းမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

သပိတ်ကျင်း၊ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့အဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ် နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသည့် စစ်ဆေးရေးဂိတ်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်လှစ်ဖွင့်သည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရေးဂိတ်အား ကိုဗစ်-၁၉ ကာလအတွင်း ရောဂါပြန့်ပွားမှုမရှိစေရန်အတွက် ဖွင့်လှစ် ထားရမှ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကာလအတွင်း ယာယီပိတ်ထားခဲ့ကာ ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်းများ ဆက်လက်မြှင့်တက်နေသည့်အတွက် မြို့အတွင်းသို့ ဝင်ရောက်လာ သူများအား အပူ ချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းများ ကောက်ယူခြင်းစသည့် စစ်ဆေးရေး လုပ်ငန်းများကို ကဘဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းနှင့်ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ကျ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွဋ်ဦးရှိန်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၄)ယာဉ် ထိန်းတပ်ကြပ်ကြီး အေးစိုးတို့မှ ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)