ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း အသိပညာပေး

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးလင်းထူးက ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် နိုင်ငံနှင့် ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိသော နိုင်ငံများနှင့် လူနာဦးရေ၊ သေဆုံးဦးရေများအကြောင်း၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာမှ ဆောင်ရွက်လျက်ရှိသော ကြိုတင်ကာကွယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ချက်များအကြောင်းများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/  ဆရာမများက ၎င်းတို့သိရှိလိုသည့် ကျန်းမာရေးအကြောင်းများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)