ညောင်ရွှေ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမများဖြစ်ကြသည့် ဒေါ်စုစုမော် (အထက်တန်းသူနာပြု) နှင့် ဒေါ်ချိုဇင်သက်(သူနာပြု)တို့သည် မိမိတို့၏သဘောဆန္ဒအလျောက် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပရှိ ကိုဗစ်စင်တာသို့ သွားရောက်ကူညီတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း သိရှိသည်။
အဆိုပါ သူနာပြုဆရာမများအား ယနေ့ နံနက်(၉) နာရီခန့်က မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးခန်းမ၌ ဂုဏ်ပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးနှင့် မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတို့က အသီးသီး ဂုဏ်ပြုစကား ပြောကြားကြပြီးနောက် အလှူရှင်များက း ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ